ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ TTTC (ဘယ်လင်း)၌ World Youth Skills Day ပြိုင်ပွဲများမှ ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ပွဲတက်ရောက်

နေပြည်တော်၊ ဇူလိုင်  ၁၇

သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုမဟာဗျူဟာစီမံကိန်း(၂၀၂၂-၂၀၂၇)ပါ လုပ်ငန်းစဥ်အရ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင် ကောလိပ် ၊ TTTC (ဘယ်လင်း) ၌ ဇူလိုင်လ ၁၅ ရက်တွင် ကျရောက်သော World Youth Skills Day အထိမ်းအမှတ်အဖြစ် Youth Skills for Peace and Development ဆောင်ပုဒ်ဖြင့် ယင်းနေ့မှစ၍ ကျောင်းသား၊ ကျောင်းသူများ၏ Skills ပြိုင်ပွဲများ နှင့် Innovation Project ပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပသည်။

အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်သူတစ်ဦးချင်းဝင်ငွေမြင့်မားမှု၊ ဘဝရပ်တည်မှုခိုင်မာမှုတို့အပြင် နိုင်ငံ့စီးပွား မြှင့်တင်ရေးဆိုင်ရာ MSMEs များ၊ စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များရှိ တန်ဖိုးမြှင့်ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီနည်းပညာများကို အသုံးချနိုင်မှုသည် အခရာကျရာ  ယခုလို ပြိုင်ပွဲများမှ စွမ်းရည်ပြည့်ဝသော  နည်းပညာရှင် လူငယ်များကို မြေတောင်မြှောက်ပေးနိုင်ပြီး ပြည်တွင်းစွန့်ဦးတီထွင်ဖန်တီးမှုများကို အားပေးမြှင့်တင်နိုင်မည်ဟု အလေးအနက် ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးက ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုအမှာစကားပြောကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြိုင်ပွဲအသီးသီးမှ အကဲဖြတ်ဒိုင်များထံ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ထူးချွန်ဆုရ ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး ပရောဂျက်များကို လှည့်လည်ကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီးက သုတေသန ရလဒ်များကို ပြည်သူများ၏ ရေရှည်အကျိုးစီးပွား တိုးပွားစေရေး အသုံးချနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်၊ နိုင်ငံတကာပြိုင်ပွဲများသို့ ထိုးဖောက်ယှဥ်ပြိုင်၍ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန်နှင့် နောက်နှစ် ကျောင်းသားများထံ လက်ဆင့်ကမ်းကာ သုတေသနများကို ဆက်လက်မြှင့်တင်ဆောင်ရွက်သွားရန်  တိုက်တွန်းမှာကြားသည်။

ယခုနှစ် လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲတွင် အင်ဂျင်နီယာဘာသာရပ်ခြောက်ခုတို့မှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ ၇၀ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး Innovation Project ပြိုင်ပွဲတွင် စက်မှုလယ်ယာ၊ ပြန်ပြည့်မြဲစွမ်းအင်၊ စက်ရုပ်နှင့် IT နည်းပညာများဆိုင်ရာ Innovation Project  ၁၂ ခုနှင့် Grassroot Innovation Project (၈)ခုတို့ ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုချီးမြှင့်ငွေပေါင်း ကျပ်သိန်း ၁၀၀ ရှိကြောင်းသိရသည်။

b1
b2
b2-1
b3
b4
b6
b6-1
b6-2
b6-2-1
b6-3
b6-4
b8
b9
b9-1
b10-1
b11
b12
b13
b13-1
b14
b16-1
b17
b18
b18-1
b18-2
b18-4
b22
b23
b24
b25
b28
b28-1
b29
b30
b30-1
b31
b32
b33
b34
previous arrow
next arrow
Shadow

Leave a Reply

Your email address will not be published. Required fields are marked *